ပဲကုလားပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃ တင်းဝင်တစ်အိတ်လျှင် ကုလားပဲ (V-2) ၂၃၅၀၀၀ ကျပ်၊ ကုလားပဲ(V-7) ၂၂၄၀၀၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၂၈၀၀၀ ကျပ်၊ ကုလားပဲ (929)၂၃၅၀၀၀ ကျပ်နှင့် ၂၃၇၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ (V-2) ၄၁၀၅ ကျပ်၊ ကုလားပဲ (V-7) ၃၉၁၃ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၀၅၃ ကျပ်၊ကုလားပဲ (929) ၄၁၇၈ နှင့် ၄၂၁၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ကုလားပဲ (V-2) ၅၂၄၀ ကျပ်နှင့် ၅၂၇၅ ကျပ်၊ ကုလားပဲ (V-7) ၄၈၉၁ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ ကျပ်၊ ကုလားပဲ (929) ၅၁၂၀ ကျပ်နှင့် ၅၁၅၆ ကျပ်စျေးတို့ ဖြစ်ပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
source: https://www.doca.gov.mm
နိုဝင်ဘာလစတုတ္ထပတ်တွင် ကုလားပဲစျေးအနည်းငယ်ကျ
Category:
Local News